ဗိုလ်တထောင်ကမ်းနားတွင် အရက်သေစာ သောက်စားပါက အရေးယူမည်
DVB
·
October 17, 2017
ဗိုလ်တထောင်ကမ်းနားနဲ့ တခြား အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သေစာ သောက်စားတာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုလို လုပ်ဆောင်ရတာဟာ အများပြည်သူ အနားယူ အပန်းဖြေတဲ့နေရာမှာ အနှောင့်အယှက် မဖြစ်စေဖို့အတွက်နဲ့ မန္တလေးတိုင်းဒေသကြီးလိုမျိုး အပန်းဖြေနေရာအနေနဲ့ပဲ အနားယူနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ခုလို လူငယ်တွေ ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားတာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲတာတွေ မလုပ်ဖို့အတွက် အောက်တိုဘာ ၁၅ ရက်နေ့က သက်ဆိုင်ရာ နယ်မြေအလိုက် ရဲတပ်ဖွဲ့တွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက လိုက်လံပြီး နှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို လိုက်လံနှိုးဆော်ထားပေမယ့်လည်း ကမ်းနားနဲ့ အများပြည်သူပိုင် နေရာတွေမှာ အရက်သေစာ သောက်သုံးခွင့် မရှိတဲ့အကြောင်းကို သိရှိမှု အားနည်းနေသေးတယ်လို့ ပြည်သူတွေက ပြောပါတယ်။