Homeမြန်မာသတင်း
စမ်းချောင်းမြို့နယ်ရှိ မလိခူးစားသောက်ဆိုင်တွင် မီးလောင်ကျွမ်း၊ ကျပ်သိန်း ၆၀ ဖိုးခန့် ပျက်စီး
စမ်းချောင်းမြို့နယ်ရှိ မလိခူးစားသောက်ဆိုင်တွင် မီးလောင်ကျွမ်း၊ ကျပ်သိန်း ၆၀ ဖိုးခန့် ပျက်စီး
မျိုးဇော်လင်း
·
October 17, 2017
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ ဈေးလမ်း အမှတ် ၆၈ ရှိ မလိခူးစားသောက်ဆိုင်မှာ ဒီကနေ့မနက် ၆ နာရီဝန်းကျင်က မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်ရာသို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့၊ တာမွေမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ် ၂၁ စီး၊ အုပ်ချုပ်မှုယာဉ် ၅ စီးနဲ့ မီးငြှိမ်းသတ်ခဲ့တဲ့အတွက် မနက် ၆ နာရီခွဲမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်ရာနေရာကို စမ်းချောင်းမြို့နယ် ကြက်ခြေနီအဖွဲ့နဲ့ အားမာန် ပရဟိတအဖွဲ့၊ မိုးစေတနာအဖွဲ့တို့လည်း လာရောက်ကူညီခဲ့ကြပါတယ်။
ဒီမီးလောင်မှုကို Level 2 အဆင့် သတ်မှတ်ထားပြီး ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၆၀ ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။