ငှက်ကြီးဝံပိုမျက်နှာဖုံးတပ်ပြီး ချစ်သူနှင့် ဈေးဝယ်ထွက်ခဲ့သည့် ဘောလုံးစတား ပီကေး

ဓာတ်ပုံ - တွစ်တာ
သူက ဘယ်သူပါလဲ။ သူကတော့ ဥရောပရဲ့ အင်အားအကြီးဆုံး ဘောလုံးအသင်းတွေထဲက တသင်းမှာ ပါဝင်ကစားနေတဲ့ နာမည်ကြီး ဘောလုံးစတားတယောက် ဖြစ်ပါတယ်။ မိန်းကလေးတွေကြားမှာလည်း ရေပန်းစား ကျော်ကြားတဲ့ နာမည်ကြီး ဘောလုံးစတားတွေအဖို့ လမ်းတကာ သွားရောက်လည်ပတ်ချိန်မှာ ပရိသတ်တွေက တကောက်ကောက်လိုက် ဓာတ်ပုံရိုက်၊ နှုတ်ဆက် စိတ်အနှောင့်အယှက် ပေးတတ်တာအပြင် ပြိုင်ဘက်ဘောလုံးအသင်း ပရိသတ်တွေရဲ့ ဆဲဆိုရန်စမှုတွေလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒီဓာတ်ပုံတွေထဲက စတားစုံတွဲကတော့ ဘောလုံးစတားနဲ့ လက်တင်ဂီတ အတွဲအစပ်လို့ ပြောကြရတဲ့ အဆိုတော် ရှာကီရာနဲ့ ဘာစီလိုနာ ဘောလုံးစတား ပီကေးတို့ပါပဲ။ ၂ ဦးသား ဈေးဝယ်ထွက်ခဲ့ချိန် မျက်နှာဖုံးစွပ်တွေရောင်းတဲ့ စတိုးဆိုင်တဆိုင်ထဲမှာ ဆဲလ်ဖီဓာတ်ပုံရိုက်ပြီး ဒီပုံကို တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ “မျက်နှာဖုံးတပ် ဈေးဝယ်ထွက်ခြင်း” လို့ အမည်တပ်ပြီး ပီကေးက မျှဝေခဲ့တာပါ။ ပီကေးဟာ ထူးဆန်းတဲ့ ငှက်ကြီးဝံပိုပုံစံ မျက်နှာဖုံးကို တပ်ဆင်ထားခဲ့တာဖြစ်ပြီး ရှာကီရာကလည်း တခြားမျက်နှာဖုံးအသေးတခုကို တပ်ဆင်ထားခဲ့တာ တွေ့ရပါတယ်။ သူတို့ရဲ့နောက်မှာတော့ တယောပုံ၊ သမင်ပုံ၊ နေမင်းပုံတွေ အပါအဝင် ထူးဆန်းတဲ့ မျက်နှာဖုံးတွေကို နံရံမှာ ချိတ်ထားခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up