ဆပ်ကပ်ပွဲအတွင်း ဝက်ဝံထိန်းကို ဝက်ဝံကြီးက ရုတ်တရက် တိုက်ခိုက် (ရုပ်သံ)

ရုရှားနိုင်ငံ ဆစ်က်တစ်ဗ်ကာမြို့မှာ ပြသတဲ့ ဆပ်ကပ်ပွဲအတွင်း ဝက်ဝံထိန်းက ဝက်ဝံကြီးကို သရုပ်ဆောင်ခိုင်းချိန် ဝက်ဝံက ရုတ်တရက် တိုက်ခိုက်လိုက်တဲ့ ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။ ရုပ်သံထဲမှာ ဝက်ဝံထိန်းက ဝက်ဝံကြီးရဲ့လည်ပတ်ကို ကြိုးတချောင်းနဲ့ချည်ပြီး ထိန်းချုပ်ကာ စင်ပေါ်မှာ တပတ်လှည့်ခိုင်းတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် စင်ပေါ်မှာ စည်ပိုင်းလှိမ့်ခိုင်းတာ၊ သူ့ရဲ့နောက်ခြေထောက်တွေနဲ့ အဝိုင်းထဲမှာ လှည့်ခိုင်းတာတွေကို သရုပ်ပြစေခဲ့တာပါ။ သရုပ်ပြဝက်ဝံထိန်းတွေက နောက်ပြကွက်တခုအတွက် စတင်ချိန် ဝက်ဝံက သူ့ကို ကြိုးကိုင်ထိန်းချုပ်သူကို ရုတ်တရက် တိုက်ခိုက်လိုက်တဲ့အတွက် ဝက်ဝံထိန်း စင်ပေါ်မှာ ပစ်လဲကျသွားပါတယ်။ စင်နောက်ဘက်မှာရှိတဲ့ နောက်အမျိုးသားတဦးက ဝက်ဝံရဲ့ခေါင်းကို တုတ်နဲ့ရိုက်ပြီး ဟန့်လိုက်လို့ ဝက်ဝံထိန်း ထိခိုက်ဒဏ်ရာ ရပုံမပေါ်ဘဲ ချက်ချင်း ထလာနိုင်ပါတယ်။ ဒါပေမယ့် ချက်ချင်းပဲ ဝက်ဝံကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး လည်ပတ်ကြိုးကို တင်းတင်းဆွဲကာ အတင်း ဆက်လက်သရုပ်ပြခိုင်းနေတာကို တွေ့ရပါတယ်။ ဝက်ဝံကြီးက သူ့ရဲ့ပြကွက်တွေ မပြီးခင်အထိ နောက်ခြေထောက်တွေပေါ် ရပ်ပြီး လမ်းနောက်ပြန်လျှောက်တာ၊ စင်ပေါ်မှာ စက်ဘီးစီးပြရတာတွေ ဆက်လက် သရုပ်ပြနေရပါတယ်။ ပီတာဆိုတဲ့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့က ဒီရုပ်သံကို သူတို့ရဲ့ဝက်ဘ်ဆိုက်ပေါ် တင်ခဲ့ပြီး “ဖျော်ဖြေပွဲတွေအတွက် တိရစ္ဆာန်တွေကို အသုံးပြုတဲ့ မိုက်မဲ ရက်စက်တာကို ပြတဲ့ နောက်ထပ် ထင်ရှားတဲ့ရုပ်သံပါ” လို့ ပြောပြီး ဆပ်ကပ်ရဲ့လုပ်ရပ်ကို ဝေဖန်လိုက်တယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၄ ရက်က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up