နယူးမက္ကစီကိုပြည်နယ် ၄၆ ကြိမ်မြောက် နိုင်ငံတကာ မိုးပျံပူဖောင်းပွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးမက္ကစီကိုပြည်နယ် အာဘူကယ်(ယ)ကီ မြို့ရဲ့ ကောင်းကင်ပေါ်မှာ  အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက အရောင်စုံ၊ အရွယ်စုံ၊ ပုံစံစုံနဲ့ မိုးပျံပူဖောင်းတွေကို လှလှပပ မြင်တွေ့ရပါတယ်။ ဒါဟာ ၄၆ ကြိမ်မြောက် အာဘူကယ်(ယ)ကီ နိုင်ငံတကာ မိုးပျံပူဖောင်းပွဲရဲ့ နောက်ဆုံးနေ့ မတိုင်မီ တရက်အလိုဖြစ်ပါတယ်။ ရာပေါင်းများစွာသော မိုးပျံပူပေါင်းစီးကြမယ့်သူတွေကလည်း မိုးပျံပူဖောင်းကွင်းထဲမှာ စုရုံးရောက်ရှိနေကြတာ တွေ့ရပါတယ်။ ကာတွန်းဇာတ်ကောင်တွေရဲ့ ပုံစံပြုလုပ်ထားတဲ့ မိုးပျံပူဖောင်းတွေ အပါအဝင် မိုးပျံပူဖောင်းတွေရဲ့ ပုံစံတွေကလည်း စုံလင်လှပါတယ်။ အဲဒီပွဲဟာ ၉ ရက်ကြာ ကျင်းပတဲ့ပွဲဖြစ်ပြီး အောက်တို ဘာလ ၁၅ ရက်နေ့မှာ ဒီနေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၀ က လူပေါင်း ၁ သန်းလောက် လာရောက်ဆင်နွှဲခဲ့ကြတယ်လို့ ပွဲစီစဉ်တဲ့ ကုမ္ပဏီက သူတို့ရဲ့ Website မှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up