နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပ
DVB
·
October 15, 2017
၂၆ ကြိမ်မြောက် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို မှာ မျက်မမြင်လမ်းလျှောက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီက ဦးဆောင်တာဖြစ်ပြီး တနိုင်ငံလုံးကမျက်မမြင် လူဦးရေထောင်ချီပြီး မနက် ငါးနာရီက စတင်လမ်းလျှောက်ခဲ့တာပါ။
လမ်းလျှောက်ပွဲမှာ အရင်ဆုံးပန်းဝင်တဲ့ မျက်မမြင် လမ်းလျှေက်အားကစားသမားတွေကို ဆုချီးမြှင့်တာတွေလည်း ပြုလုပ်ခဲ့ပြီး အမြင်အာရုံမသန်စွမ်းသူတွေအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ အခမ်းအနားတခုဖြစ်တာကြောင့် လက်ခံကြိုဆိုခဲ့ကြပါတယ်။