Home
မြန်မာသတင်း
ဘီးလင်းတွင် ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ
DVB
·
October 15, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာတံတားအနီး၊ မိုင်တိုင်အမှတ် ၁၁၇/၅ မှာ ဒီနေ့မနက် ၁၀ နာရီခွဲက ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “လူ ၇ ယောက်ပါတဲ့ကားလေးက အရှေ့ကမောင်းနေတာကို သူ့နောက်က ခရီးသည်တင် ယာဉ်က ကျော်တက်တာ ရှေ့ကားခေါင်းပိုင်းနဲ့ မှန်လုံအနောက်ဖင်ပိုင်းချိတ်မိတာပါ။ ကားလေးမောင်းတဲ့ ယာဉ်မောင်းက မထိန်းနိုင်ဘဲ လမ်းတဖက်ကိုရောက်ပြီး လမ်းတဖက်ကလာတဲ့ ဆိုင်ကယ်နှစ်စီးကို ဝင်ဆောင့်တာပါ။ ဆိုင်ကယ်မောင်းတဲ့ တစ်ယောက်နဲ့ ကားလေးပေါ်က တစ်ယောက်တော့ သေဆုံးပါတယ်။ ၉ ယောက်က ဒဏ်ရာရထားပါတယ်။" လို့ ဘီလင်းမြို့ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဘီးလင်းမြို့မှ ရန်ကုန်ဘက် မင်းထွန်းထွန်းဦးမောင်းနှင်ပြီး ခရီးသည် ၇ ဦးလိုက်ပါလာတဲ့ နစ်ဆန်းအမျိုးအစား ယာဉ်ငယ်ကို ယာဉ်မောင်းအေးသန်း မောင်းနှင်လာတဲ့ ခရီးသည်တင်မှန်လုံယာဉ်က ကျော်တက်စဉ် ချိတ်တိုက်မိခဲ့လို့ ယာဉ်ငယ်ဟာ အရှိန်မထိန်းနိုင်တော့ဘဲ မျက်နှာချင်းဆိုင်မှ နေလင်း မောင်းနှင်ပြီး ဇင်ကိုလင်း ၂၅ နှစ် လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ ဦးသန်းဦး မောင်းနှင်ပြီး ဦးနန်းဝင်းလိုက်ပါလာတဲ့ ဆိုင်ကယ်တို့အား ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ နေလင်း အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ခရီးသည်တင် ယာဉ်ကတော့ လမ်းဝဲဘက်ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ဦးသောင်းရွှေ ၇၉ နှစ် သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဆိုင်ကယ်နှစ်စီးက လူ ၃ ဦးနဲ့ ယာဉ်ငယ်ပေါ်က ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်လို့ ယာဉ်ငယ်မောင်း မင်းထွန်းထွန်းဦးနဲ့ မှန်လုံယာဉ်မောင်း အေးသန်းတို့ ၂ ဦးကို ဘီးလင်းမြို့မရဲစခန်းက ယာဉ်(ပ)၅၄/၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024