ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ မြို့တော်ခန်းမရှေ့ ပြုလုပ်
စိုးမိုးအောင်
·
October 15, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီထောက်ခံပွဲမှာ ဆရာတော်ဦးပါမောက္ခရဲ့သဝဏ်လွှာကို ဟာသလူရွှင်တော် ထက်ထက်က ဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်အရေးမှာ မြန်မာဘက်ကရပ်တည်ခဲ့တဲ့ အိန္ဒိနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ရခိုင်အရေးနဲ့ ပက်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်နေချိန်မှာ အခုလို ထောက်ခံပွဲတွေကို နိုင်ငံတ၀န်း မြို့ကြီးတွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။