အသင်းကြီး အာဆင်နယ်နှင့်ချဲလ်ဆီး ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ရှုံးသွားပါတယ်။ လက်ရှိ ချန်ပီယံ ချဲလ်ဆီးက အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားတာပါ။ ပွဲအစ ၁၁ မိနစ်လောက်မှာ ချဲလ်ဆီး နောက်တန်းသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ အဖွင့်ဂိုး ပေးလိုက်ရပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ၁၈ မိနစ်မှာ ဘာကာရိုကာ ပြန်လည်သွင်းယူပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေ မကောင်းဘဲ ရှုံးပွဲ ဆက်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး ဇာဟာက ၄၅ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက်တော့ ပထမဆုံး နိုင်ပွဲနဲ့ ၃ မှတ် ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲရှုံးလို့ ချဲလ်ဆီးကတော့ ၁၃ မှတ်နဲ့ အဆင့် ၅ ကို လျော့ကျသွားပါတယ်။ နောက်ပွဲစဉ်မှာတော့ အာဆင်နယ်က အဝေးကွင်းမှာ ၀က်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ နောက်တန်းသမား မာတီဆတ်ကာက သွင်းယူပါတယ်။ ၀က်ဖို့ဒ်အတွက် ချေပဂိုးကို ၇၁ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပြီး အနိုင်ဂိုးကို နာကျင် အချိန်ပိုမိနစ်မှာ ကလီဗာလေက သွင်းယူပါတယ်။ ဒီပွဲမှာ ၀က်ဖို့ဒ်က အိမ်ကွင်းမှာ အာဆင်နယ်ကို အပြန်အလှန် ထိုးဖောက် ကစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲရှုံးလို့ အာဆင်နယ်က ၁၃ မှတ်နဲ့ အဆင့် ၆ ကို လျောကျသွားပြီး ၀က်ဖို့ဒ်ကတော့ ၁၅ မှတ်နဲ့ အဆင့် ၄ ကို တက်သွားပါတယ်။

More News
Up