မန်ယူအသင်း ခံစစ်ကစားပုံကို လီဗာပူးနည်းပြ ဝေဖန် (ရုပ်သံဟိုက်လိုက်)

မန်ယူအသင်းရဲ့ ကစားပုံ နည်းနာမျိုးကို သူ့အသင်းမှာဆို ခွင့်ပြုမှာ မဟုတ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန် ကလော့က ပြောပါတယ်။ မနေ့ညက လီဗာပူးရဲ့ အိမ်ကွင်းအန်းဖီးလ်မှာ မန်ယူနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲအပြီး လီဗာပူး နည်းပြက ဝေဖန်လိုက်တာပါ။ အဲဒီပွဲမှာ မန်ယူအသင်းက ခံစစ်ဦးစားပေး ပုံစံမျိုးနဲ့ ကစားသွားပြီး တန်ပြန်တိုက်စစ်ကို အသုံးပြုသွားပါတယ်။ လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပေးဂိုးမရှိတဲ့ ပွဲလည်း ဖြစ်သွားပါတယ်။ ဒီပွဲမှာ လီဗာပူးက တချိန်လုံး ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ ကစားသွားပြီး ဂိုးပေါက်ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ လီဗာပူးနည်းပြ ကလော့ကတော့ မန်ယူလို ထိပ်တန်းအသင်းကြီးမျိုးက ခံစစ်ကစားပုံနဲ့ ကစားသွားခဲ့တာလို့ ဆိုပါတယ်။ ဒီပွဲမှာ မန်ယူ ဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကစားနိုင်ခဲ့လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ နှစ်သင်းစလုံး လူစုံထုတ် ယှဉ်ပြိုင်သွားပြီး သရေတမှတ်စီ ခွဲယူလိုက်ရပါတယ်။ ဒီပွဲသရေကျလို့ မန်ယူက အမှတ် ၂၀ နဲ့  အဆင့် ၂ မှာ ရှိနေပြီး လီဗာပူးက ၁၃ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up