တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်လာစေရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
DVB
·
October 14, 2017
တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်ကူပြုသူများအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ ပြုလုပ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ တရားဥပဒေစိုးမိုးရေးပိုမိုကောင်းမွန်လာစေဖို့နဲ့ အမျိုးသမီးများအား အကြမ်းဖက်ခြင်းကိစ္စနဲ့ အကြမ်းဖက်ခံရသူတွေအတွက် တရားမျှတမှုရှိစေဖို့ ဥပဒေပညာပိုင်းဆိုင်ရာ အကူအညီကောင်းမွန်စွာ ရရှိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးရတာ ဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်ကူပြုသူများအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။
ဒီကနေ့ အလုပ်ရုံဆွေးနွေးက ရရှိလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကို ပေးပို့သွားမယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။