လူ ၄ ဦး စားသည့် ကျားမအား သေနတ်ဖြင့်ပစ်သတ်ရန် အမိန့်ချမှတ်

အိန္ဒိယနိုင်ငံ အနောက်ဖက်ပြည်နယ် မဟာရာဂျာ တရားရုံးက လူ ၄ ဦးကို သတ်ခဲ့တဲ့ ၂ နှစ်သားအရွယ် ကျားမကို သတ်မိန့်ချဖို့ အတည်ပြုလိုက်တယ်လို့ ဘီဘီစီသတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။ သတ်မိန့်မချခင် ကျားမက မဟာရာဂျာပြည်နယ် ဘရာမာ့ပူရီမြို့မှာ လူ ၂ ဦးကို သတ်ပြီး လူ ၄ ဦးကို ဒဏ်ရာရစေခဲ့တာပါ။ ဇွန်လ ၂၃ ရက်နေ့မှာ သစ်တောဌာနက ချမှတ်ခဲ့တဲ့ ကျားမအား သေဒဏ်ပေးတဲ့အမိန့်ကို တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်ခဲ့ကြသေးပါတယ်။ ကျားကို ကျားသီးသန့်ထား ဘေးမဲ့တောမှာ လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် လူ ၂ ဦးကို ထပ်မံသတ်ခဲ့တယ်လို့ သိရပါတယ်။ ကျားကို သတ်တဲ့အမိန့်ကို ဆန့်ကျင်တဲ့ ဒေါက်တာ ဂျယ်ရိုးဘာနိတ်က ချမှတ်တဲ့အမိန့်ကို အိန္ဒိယနိုင်ငံတော်အဆင့် တရားရုံးမှာ သူအနေနဲ့ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။ တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူတွေက ကျားမကို မေ့ဆေးပေးပြီး အခြားနေရာကို ရွှေ့ပြောင်းသင့်တယ်လို့ တောင်းဆိုလိုက်ပေမယ့် ပြည်နယ်တွင်း ဒေသခံတွေကြားထဲမှာ စိုးရိမ်မှုက မြင့်တက်နေတာပါ။ အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ကျား ၆၀ ရာခိုင်နှုန်း နေထိုင်နေတာဖြစ်ပြီး လူနေအိမ်တွေ ဖျက်ဆီးမှုနဲ့ ကျားဖမ်းသမားတွေကြောင့် ကျားတွေအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်နေပါတယ်။ တောတွေထဲ လူတွေ ကျူးကျော်နေထိုင်မှု တိုးမြင့်လာတာနဲ့အတူ သဘာဝအရင်းအမြစ်တွေကို အနီးအနားက ရွာသားတွေနဲ့ ကျားတွေ မကြာခဏ အပြိုင်ရယူမှုက ကျားတွေနဲ့လူတွေအကြား ပဋိပက္ခကို ဖြစ်စေပါတယ်။ ကျားတွေသေဆုံးမှုက ပြီးခဲ့တဲ့နှစ်အတွင်း ပုံမှန်တိုးမြင့်လာပြီး ၂၀၁၅ ခုနှစ်မှာ ကျားကောင်ရေ ၈၀ သေဆုံးတယ်လို့ အိန္ဒိယအာဏာပိုင်တွေ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ၇၈ ကောင် သေဆုံးတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up