အမေရိကန်အသင်း ခြေစစ်ပွဲမအောင်သဖြင့် နည်းပြ ဘရုစရီနာ ရာထူးမှ နုတ်ထွက်

အမေရိကန်ဘောလုံးအသင်း ခြေစစ်ပွဲ မအောင်မြင်တဲ့အတွက် နည်းပြ ဘရုစရီနာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ အမေရိကန်အသင်းဟာ ကွန်ကာကပ်ဇုန်မှာ ပါဝင်ပြီး နောက်ဆုံးကစားတဲ့ ခြေစစ်ပွဲ အဝေးကွင်းမှာ ထရီနီဒက် တိုဘာဂိုကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲရှုံးတာကြောင့် အမေရိကန်ဟာ အုပ်စုတွင်းမှာ အဆင့် ၅ ပဲ ရပြီး ခြေစစ်ပွဲ မအောင်တာ ဖြစ်ပါတယ်။ အမေရိကန်အတွက်တော့ ၁၉၈၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်တာ ဖြစ်ပါတယ်။ အသက် ၆၆ နှစ်အရွယ် နည်းပြ ဘရု စရီနာဟာ အမေရိကန်အသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာထဲမှာ တာဝန်ယူခဲ့တာပါ။ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။ ကွန်ကာကပ်ဇုန်မှာ မက္ကဆီကို၊ ကော်စတာရီကာနဲ့ ပနားမားအသင်းတို့က တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားပြီး ဟွန်းဒူးရပ်စ်အသင်းကတော့ နောက်တဆင့် ထပ်မံယှဉ်ပြိုင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up