ကျောင်းသားများ၏ တယ်လီဖုန်းများကို ဆရာက တူဖြင့် ဖျက်ဆီးပစ်သည့်ရုပ်သံ ထွက်ပေါ်

တရုတ်နိုင်ငံ အလယ်တန်းကျောင်းတကျောင်းမှာ ကျောင်းသားတွေ ပိုင်ဆိုင်တဲ့ တယ်လီဖုန်းတွေကို သိမ်းဆည်းပြီး ကျောင်းဆရာတယောက်က တူနဲ့ ထုခွဲဖျက်ဆီးခဲ့တဲ့ ဗွီဒီယိုရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်အပျက်က တရုတ်နိုင်ငံအလယ်ပိုင်း နန့်ယန်းမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ဖြစ်ခဲ့တာပါ။ ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့လို့ဆိုပြီး ဖုန်းတွေကို သိမ်းဆည်းဖျက်ဆီးခဲ့ကာ ကျောင်းသားတွေကိုလည်း သူတို့ဖုန်းတွေကို ဆရာက တူနဲ့ရိုက်ခွဲဖျက်ဆီးချိန် ကြည့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဆရာတွေက ဖုန်းပိုင်ရှင် ကျောင်းသားရဲ့ အမည်ကို အသံချဲ့စက်နဲ့အော်နေချိန် တူနဲ့ထုထားတဲ့ ဖုန်းတွေကို ရေပုံးထဲ ထည့်ခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ကျောင်းပရဝုဏ်ထဲမှာ ကျောင်းသားတွေက တယ်လီဖုန်း သုံးခွင့်မရှိဘူး၊ အကယ်၍ သုံးစွဲခဲ့ရင် ဖျက်ဆီးခံရမယ်လို့ သတိပေးထားတယ်လို့လည်း သိရပါတယ်။ ဒီရုပ်သံ လူမှုကွန်ရက်စာမျက်နှာထက် ထွက်ပေါ်ခဲ့ပြီး အပြစ်ပေးမှုက မျှတမှု ရှိ မရှိ ဆွေးနွေးငြင်းခုန်နေကြတယ်လို့ ဆိုပါတယ်။ ဒေသခံ ပညာရေးဗျူရိုက အခင်းဖြစ်မှုနဲ့ပတ်သက်ပြီး ရှင်းပြဖို့ ကျောင်းကို မေးမြန်းထားတယ်လို့ သိရကြောင်း စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up