ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 13, 2017
ငရုတ်ပွ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ငရုတ်ပွ ၁ ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၇,၅၀၀ ရှိပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၆၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၂၆၀ ကျပ်ကနေ ငွေကျပ် ၂,၉၀၀ ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၇၇၅ ကျပ်ကနေ ငွေကျပ် ၂,၄၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀၀ ကျပ်ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂.၇၀၀ ကျပ်ကနေ ငွေကျပ် ၃၀၀၀ ရှိပါတယ်။
ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃,၀၅၀ ကျပ်ကနေ ငွေကျပ် ၃,၁၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၉၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၈၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။
မန်ကျည်းသီး
မန်ကျည်းသီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂,၄၀၀ ကျပ်ကနေ ငွေကျပ် ၃,၆၀၀ ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA