Home
မြန်မာသတင်း
အကြမ်းဖက်ဘင်္ဂါလီအင်အား ၄၀၀၀ ခန့်ရှိပြီး၊ ၁၇၈၅ ဦးအမည်စာရင်းရထားဟု ကာချုပ်ပြော
DVB
·
October 12, 2017
  ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်တဲ့ အကြမ်းဖက်ဘင်္ဂါလီအင်အား ၄၀၀၀ လောက်ရှိပြီး  ၁၇၈၅ ဦးရဲ့ အမည်စာရင်းရရှိထားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နဲ့ အောက်တိုဘာ ၁၁ ရက်က  ရန်ကုန်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။ ဘူးသီးတောင်-မောင်တောဒေသမှာ ဘင်္ဂါလီတွေဟာ လူများစုဖြစ်ပြီး ယင်းဒေသရှိ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ရခိုင်နဲ့ဒေသခံတိုင်းရင်းသားတွေဟာ လူနည်းစု ဖြစ်ပြီး လူဦးရေရဲ့ ၅ ရာခိုင်နှုန်းမျှသာရှိကြောင်း၊ ၎င်းတို့ကို နယ်ချဲ့အင်္ဂလိပ်တို့က ခေါ်ဆောင်ခဲ့ခြင်း သာဖြစ်ကြောင်း၊ ဘင်္ဂါလီတွေဟာ မူလမြန်မာတိုင်းရင်းသားများမဟုတ်ဘဲ အင်္ဂလိပ် ကိုလိုနီခေတ်ကပင် ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးစွဲမှုလည်းမရှိဘဲ ဘင်္ဂါလီဟုသာ သုံးစွဲကြောင်း ကာကွယ်ရေးဦးချုပ်ကပြောပါတယ်။ ဘင်္ဂါလီတွေရဲ့ Native အမှန်မှာ ဘင်္ဂလားဒေသ ဖြစ်ကြောင်း၊ ဒါကြောင့် ၎င်းတို့နဲ့ ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူတဲ့ တစ်ဖက်နိုင်ငံသို့ လုံခြုံမှုရှိမည်ဟု ယူဆ ထွက်ပြေးခြင်းဖြစ်နိုင်ကြောင်းလည်း ဆွေးနွေးပြောကြားသည်။ လက်ရှိ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လိမ်ညာလို့မရသလို ဖုံးကွယ်ထားလို့လည်း မရကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီတချို့က ပုံကြီးချဲ့ပြောဆိုနေကြောင်း၊ မီဒီယာတွေကို နောက်ကွယ်မှ ကြိုးကိုင် လှုံ့ဆော်ဝါဒဖြန့်နေကြောင်း အဖြစ်မှန်ကို ဖုံးကွယ်ပြီး မီဒီယာအများစုရဲ့ လိုရာဆွဲ ရေးသားဖော်ပြမှုများကြောင့် နိုင်ငံတကာက အခြေအနေမှန်ကို မသိနိုင်ခြင်းဖြစ်ကြောင်းလည်းပြောပါတယ်။ အမေရိကန်သံအမတ်ကြီးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူ ၅ သိန်းကျော် ထွက်ပြေးခဲ့မှု အပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေရှိပြီး မြန်မာနိုင်ငံ အပေါ်ဖိအားများစွာရှိကြောင်း၊ အစာရိက္ခာပြတ်လပ်မှု၊နေအိမ်တွေကို မီးရှို့မှုတို့ကြောင့်ထွက်ပြေးရတယ်လို့ ပြောဆိုကြကြောင်း၊ လူမျိုးသုန်း သတ်ဖြတ်မှုလုပ်ဆောင်နေသည်ဟု ပြောဆိုမှုများလည်းရှိကြောင်း၊ နိုင်ငံတကာဖိအားတွေ လျော့ကျစေရေး မိတ်ဆွေနိုင်ငံအဖြစ် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။ ဓာတ်ပုံ-တပ်မတော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024