Home
မြန်မာသတင်း
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရန် အီတလီပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်မည်
သူဇာလင်း
·
October 12, 2017
  ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ၊ မြို့ပြအမွေအနှစ်တွေနဲ့ စေတီပုထိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အီတလီနိုင်ငံရဲ့ အကူအညီနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်မနက်က ရန်ကုန်မြို့ Strand Hotel မှာ အီတလီသံရုံး၊  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ အခမ်းအနားမှာပြောသွားတာပါ။ ဒီအစီအစဉ်ကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ အီတလီနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်၊ လက်ရှိမှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ဆူးလေဘုရားအနီးက Tourist Burma အဆောက်အအုံကို အမွေအနှစ် အဆောက်အအုံအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်ကတည်းက ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024