Live
Home
မြန်မာသတင်း
ထီးချိုင့်တွင် ဘိန်းစိမ်း ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
October 12, 2017
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ဒုရဲမှူးမြင့်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ စစ်ကိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက် “ချင်းတွင်း ၂” စစ်ဆင်ရေးစစ်ကြောင်း၊ ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ရဲအုပ်ကျော်မင်းထွန်း ဦးစီးအဖွဲ့၊ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်အောင်သန်း ဦးစီးအဖွဲ့ဟာ ထီးချိုင့်-အင်းတော်-ကသာ ကားလမ်းဆုံမှာ ကျော်ကြီးနဲ့ ရွှေစိန်တို့ ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေရာ မူးယစ်ဆေးဝါး ဘိန်းစိမ်း ၂၅ ဒသမ ၈ ကီလိုဂရမ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် “ချင်းတွင် ၂” စစ်ဆင်ရေး စစ်ကြောင်း မူးယစ်တပ်ဖွဲ့စု ၁၈ မှ ဒုရဲမှူးရန်နိုင်ထွန်း ဦးစီးအဖွဲ့ဟာ ထီးချိုင့်မြို့နယ် ကျောက်အိုက်ကျေးရွာအနီး ထီးချိုင့်-အင်းတော်သွား ကားလမ်းပေါ်မှာ သိန်းအောင်နဲ့ အောင်စိန်တို့ ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ သိန်းအောင်ဆီက ဘိန်းစိမ်း ၂၄ ဒသမ ၇ ကီလိုဂရမ်၊ အောင်စိန်ဆီက ဘိန်းစိမ်း ၂၂ ဒသမ ၁ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါတယ်။ ဘိန်းစိမ်း စုစုပေါင်း ၇၂၆ ကီလိုဂရမ်၊ ကာလတန်ဖိုး ငွေကျပ် ၂၁၇၈ သိန်းခန့် ဖမ်းမိခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး “ချင်းတွင်း ၂” စစ်ဆင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပထမအကြိမ်အနေနဲ့ မူးယစ်ဆေးဝါး အများဆုံး စံချိန်တင် ဖမ်းမိခဲ့တာပါ။ ဘိန်းစိမ်းတွေ သယ်ဆောင်လာသူ ကျော်ကြီး ၊ ရွှေစိန်၊ သိန်းအောင်နဲ့ အောင်စိန်တို့ ၄ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မများအရ အရေးယူထားတယ်လို့ ကသာခရိုင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး တပ်ဖွဲ့စုမှူးရုံးက သိရပါတယ်။ သတင်း - သီဟဆွေ(ကသာ)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024