ဆရာတော်ဦးဝီရသူ စစ်တွေမြို့သို့ရောက်ရှိလာ (သတင်းဓာတ်ပုံ)
DVB
·
October 11, 2017
ဆရာတော်ဦးဝီရသူဟာ ဒီကနေ့ ၃ နာရီအချိန်က စစ်တွေလေဆိပ်ကို Golden Myanmar Airline လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
ဒီတခေါက်ဆရာတော်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ဘူးသီးတောင်နဲ့ မောင်တောဒေသက တိုင်းရင်းသားကျေးရွာတွေ အပါအဝင် ဒုက္ခသည်စခန်းတွေဆီကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ၂၀၁၇ သြဂုတ် ၂၅ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်မခံရခင် ၂ ကြိမ်ရောက်ရှိခဲ့ပြီး ယခုတကြိမ်ဟာ တတိယကြိမ်မြောက် ခရီးစဉ်ဟာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို