မက္ကဆီကို အကျဉ်းထောင်တခုတွင် တိုက်ခိုက်မှုဖြစ်၊ ၁၃ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုမြောက်ပိုင်း နူအီဗိုလီယွန်ပြည်နယ်က အကျဉ်းထောင်တခုမှာ အောက်တိုဘာ ၁၀ ရက်က ရန်ဘက်လူဆိုးဂိုဏ်းအချင်းချင်း တိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးသွားပါတယ်။ မက္ကဆီကိုမြောက်ပိုင်း မွန်တာရေးမြို့က ကာဒီရေတာအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကို ထိန်းသိမ်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ထားတယ်လို့ ပြည်နယ်လုံခြုံရေးအရာရှိ အယ်လ်ဒိုဖာစီ (Aldo Fasci) က ပြောပါတယ်။ မက္ကဆီကို အကျဉ်းထောင်တွေမှာ မူးယစ်ဂိုဏ်းဝင်တွေ၊ လူကုန်ကူးဂိုဏ်းဝင် အစရှိတဲ့ ရန်ဘက်ဂိုဏ်းသားတွေနဲ့ ပြည့်နှက်နေပြီး ထောင်သားချင်း မကြာခဏ တိုက်ခိုက်မှုဖြစ်လေ့ရှိပါတယ်။ အခုနှစ် ဇူလိုင်လကလည်း အမေရိကန် တက္ကဆက်ပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မက္ကဆီကို တာမူလီပါ့စ်ပြည်နယ်မှာ ထောင်သားချင်း တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် အကာပေါ်လ်ကို ပြည်နယ်မှာလည်း ထောင်သားချင်းတိုက်ခိုက်မှုကြောင့် လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up