Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးကို ဖေ့စ်ဘွတ်ခ်က တိုက်ရိုက်ထုတ်လွှင့်
Aung Ko Latt
·
October 11, 2017
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒီကနေ့  ပြန်လည်စတင်ကျင်းပနေရာမှာ ပွင့်လင်းမြင်သာတဲ့ လွှတ်တော်ဖြစ်ရေး၊ လွှတ်တော်က ဆွေးနွေးမေးမြန်းတဲ့ အဆိုတွေ၊ မေးခွန်းတွေကို ပြည်သူတွေ တိုက်ရိုက်ကြည့်ရှု ဝေဖန်နိုင်ရေး ရည်ရွယ်ကာ Sagaing Region Hluttaw facebook page ကနေ ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ စတင်စမ်းသပ်ဆဲဖြစ်လို့ လိုအပ်ချက်တွေ ရှိနေသေးပြီး နောက်ပိုင်းမှာတော့ နည်းပညာ အဆင့်မြှင့်တင်ကာ လုပ်ဆောင်သွားဖို့ရှိတယ်လို့ လွှတ်တော်တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုလို လွှတ်တော်အစည်းအဝေးကို တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့အပေါ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆိုကြပြီး လွှတ်တော်၊ ပြည်သူတွေအတွက် ပိုမိုအကျိုးရှိလာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က "လွှတ်တော်ကိုယ်စားလှယ်တွေအတွက်တော့ အရင်ကထက် စိန်ခေါ်မှုတွေ ရှိလာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်တွေရဲ့ အပြုအမူတွေကို ပြည်သူက စောင့်ကြည့်နေတာဖြစ်လို့ အနေအထိုင်ကအစ ထိန်းသိမ်းရမယ်"လို့ ပြောပါတယ်။ ဒီလို တိုက်ရိုက်ထုတ်လွှင့်တဲ့အတွက် ပြည်သူအားလုံးကို မလွှမ်းခြုံနိုင်သေးပေမယ့် ပိုမိုအကျိုးရှိမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၀ ဦးတက်ရောက်ပြီး ကြယ်ပွင့်ပြမေးခွန်း ၈ ခုကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းကြမှာပါ။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024