Home
မြန်မာသတင်း
ဘာသာ​ပေါင်းစုံဆု​တောင်းပွဲ မန္တ​လေးမြို့ မနော်ရမ္မံကွင်းတွင် ကျင်းပ
DVB
·
October 11, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပပြုလုပ်တဲ့ အင်္ဂါနေ့တိုင်း ဘာသာပေါင်းစုံ မီးထွန်းဆုတောင်းပွဲကို မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမုန်းတရားများ၊ ဖိအားများ၊ တွန်းအားတွေကို ပြည်သူလူထုက မေတ္တာနဲ့ တုံ့ပြန်မယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဆရာတော် သံဃာတော်များ၊ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်မျာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနှင့် ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ဆုတောင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024