ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 10, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၀၄,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၈၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၂,၉၀၀ ကျပ်ကနေ ငွေကျပ် ၃,၀၀၀ ရှိပါတယ်။
ကြက်သွန်နီ(ဆိပ်ဖြူ)
ကြက်သွန်နီ(ဆိပ်ဖြူ)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ငွေကျပ် ၂,၂၂၅ ကျပ် ရှိပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅၀ ကျပ်ကနေ ငွေကျပ် ၈၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
မြေပဲလုံးဆံဖြူ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူက ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၂၀၀ ကျပ်ကနေ ငွေကျပ် ၂၂၅၀ ရှိပါတယ်။
စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၄၁၅ ကျပ်ကနေ ငွေကျပ် ၄၄၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅ ကျပ် ဈေးတက်လာပါတယ်။
ရွှေပဲသီး
အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ရွှေပဲသီးက ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၃,၅၀၀ ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA