ဘာသာပေါင်းစုံ ဆုတောင်းပွဲ အောင်ဆန်းကွင်းတွင် ကျင်းပ
သူဇာလင်း
·
October 10, 2017
မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ရည်ရွယ်ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အောင်ဆန်းအားကစားကွင်းမှာ ကျင်းပနေပါတယ်။
အဲဒီဘာသာပေါင်းစုံဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာတို့ ပါဝင်ဆုတောင်းကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း လူမျိုး၊ ဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ အခြေအနေ ကို ကမ္ဘာကို ပြသဖို့ဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။