Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြည်မြို့တွင် ကျင်းပ (သတင်းဓာတ်ပုံ)
မင်းညို
·
October 10, 2017
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပန်းဘဲတန်းလမ်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူအတူတကွ ရပ်တည်နေတယ်ဆိုတာ ပြသတဲ့ လူထု ထောက်ခံပွဲ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က ကျင်းပပါတယ်။ ထောက်ခံပွဲကို ပြည်မြို့နယ်အတွင်းက ကျေးရွာတွေ၊ မြို့တွေနဲ့ ရပ်ကွက်တွေထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံအားပေးတဲ့ပြည်သူ ၂၀၀၀ လောက် တက်ရောက်ခဲ့ကြ ပါတယ်။ ဒီနေ့အခမ်းအနားကို စာရေးဆရာ မုံရွာအောင်ရှင်နဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို ပြည်မြို့က ကာတွန်းဆရာ တာတီး၊ ကာတွန်းဆရာကာဋု၊ ကာတွန်းလူကြီးမင်းတို့က ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေ အမှတ်တရ ရေးဆွဲပေးခဲ့ကြ ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024