တိုက်စစ်မှူး လူကာကူ ဒဏ်ရာရရှိမည်ကို မန်ယူနည်းပြ မော်ရင်ဟို စိုးရိမ်

ဓာတ်ပုံ - ရိုက်တာ
မန်ယူနည်းပြ မော်ရင်ဟိုဟာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားနေတဲ့ တိုက်စစ်မှူး လူကာကူ ဒဏ်ရာရရှိမှာကို စိုးရိမ်နေပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ဒီကနေ့ညမှာ ဆိုက်ပရပ်စ်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုပထမနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးဖြစ်တာကြောင့် လူကာကူကို ပွဲထွက်မကစားစေဖို့ မော်ရင်ဟိုက အလိုရှိနေတာပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ဒဏ်ရာကြောင့် ဘော့စနီးယားနဲ့ပွဲ မကစားခဲ့ရတဲ့ လူကာကူဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်လို့ ပွဲထွက်ကစားစေမယ်လို့ ပြောဆိုထားတာပါ။ မန်ယူအသင်းဟာ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ကစားရမှာဖြစ်လို့ တိုက်စစ်မှူး လူကာကူ ပွဲပန်းမှုရှိမှာကိုလည်း မော်ရင်ဟိုက စိုးရိမ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up