Home
မြန်မာသတင်း
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး ဒေသန္တရအမိန့် ထုတ်ပြန်
သော်ဇင်မျိုး
·
October 10, 2017
ခရီးသွားရာသီချိန် ချောင်းသာကမ်းခြေ သန့်ရှင်းသာယာ လှပရေးအတွက် နှစ်စဉ်ထုတ်ပြန်နေကြ ဒေသန္တရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်ပြီး ကမ်းခြေမှာ သတိပေးဆိုင်းဘုတ်တွေပါ စိုက်ထူထားပါတယ်။ ၂၀၁၄ ခုနှစ် ဝန်းကျင်လောက်မှာ ချောင်းသာကမ်းခြေဟာ အမှိုက်တွေနဲ့ ညစ်ညမ်းလာပြီး ခရီးသည်ဝင်ရောက်မှု လျော့နည်းလာနေတာ ဖြစ်ပါတယ်။ လက်ရှိအစိုးရသစ်လက်ထက်မှာတော့ ကမ်းခြေသန့်ရှင်းရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပြီး အခုအခါမှာတော့ ကမ်းခြေကို ခရီးသည်ဝင်ရောက်မှု ပုံမှန်ဖြစ်လာပြီလို့ ဟိုတယ်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာတော့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ကမ်းခြေ သန့်ရှင်းသာယာရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။ အခုထုတ်ပြန်တဲ့ ဒေသန္တရအမိန့်မှာတော့ ကမ်းခြေမှာ ဆိုင်တည်ခင်းရောင်းချတာ၊ စက်တပ်ယာဉ်တွေ၊ လှည်းနဲ့ မြင်းတွေ မောင်းနှင်တာ၊ မီးရှူးမီးပန်းဖောက်တာတွေ၊ ကမ်းခြေကို ကျူးကျော်တာနဲ့ ခရီးသွားပြည်သူတွေကို အနှောင့်အယှက် ဖြစ်စေတာတွေ မလုပ်ဖို့ အဓိက တားမြစ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024