ဆီးရီးယားတွင် အစိုးရတပ် လေကြောင်းတိုက်ခိုက်၊ အနည်းဆုံး ၆ ဦး သေဆုံး (ရုပ်သံ)
Published By
DVB | 9 October, 2017
2.8K
0
Share
0
Comment
0
Likes
ဆီးရီးယားနိုင်ငံ အစ်ဒလစ်မြို့ကို အစိုးရစစ်ဘက်က အောက်တိုဘာ ၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အပြိုအပျက်တွေကြားက လူကြီးတဦးနဲ့ ကလေးငယ်တဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဆီးရီးယားစစ်ဘက်ကလို့ ယုံကြည်ရတဲ့ ဂျက်လေယာဉ်တွေဟာ မားရက်အယ်နူမန်ရှိ ဈေးတခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးက တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ အခုတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးနဲ့ ကလေးနှစ်ဦး အပါအဝင် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ အရေအတွက် များပြားတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။