Home
မြန်မာသတင်း
နယ်စပ်ရှိ ​ထောင်နဲ့​ချီတဲ့​က​လေး​များ​ ပညာသင်ရန် အခက်​တွေ့
DVB
·
March 29, 2012
ထောက်ပံ့​ငွေနည်း​ပါး​မှု​ကြောင့်​ ရှမ်း​ပြည်နယ်နဲ့​ ထိစပ်​နေတဲ့​ နယ်စပ်တ​လျှောက်မှာ ပညာသင်​နေတဲ့​ ​ထောင်နဲ့​ချီတဲ့​ ​ကျောင်း​သား​တွေဟာ လာမယ့်​ ပညာသင်နှစ်ကျရင် အခက်အခဲကြုံရမယ်လို့​ ရှမ်း​ အမျိုး​သမီး​ရေး​ရာ ဆက်သွယ် လှုပ်ရှား​ဆောင်ရွက်​ရေး​ အသင်း​(SWAN)က ​ပြောပါတယ်။ [caption id="attachment_23277" align="alignleft" width="300" caption="(SWAN)မှ ပညာသင်ကြားရေး ထောက်ပံ့ပေးထားသည့်​ ကလေးငယ်များ​"][/caption] ရှမ်း​ပြည်နယ်အတွင်း​နဲ့​ ထိုင်း​-မြန်မာနယ်စပ်​တွေမှာ ပညာသင်​နေတဲ့​ မိဘမဲ့​နဲ့​ ​ရွှေ့​ပြောင်း​ က​လေး​ ၂၅၀၀ ​ကျော်ဟာ ဒီနှစ် ​မေလမှာ စတင်မဲ့​ စာသင်နှစ်မှာ ပညာ ဆက်လက် သင်ကြား​နိုင်ဖို့​အတွက် စိုး​ရိမ်ပူပန်​နေတာလို့​ (SWAN) အဖွဲ့​က ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​ ဖြစ်ထွန်း​မှု​တွေအ​ပေါ် အ​ခြေပြုတဲ့​ အလှူရှင်​တွေထံကရတဲ့​ ရန်ပုံ​ငွေရရှိမှု နည်း​ပါး​လာတာ​ကြောင့်​ လိုအပ်တဲ့​ ​ငွေ​ကြေး​ရဲ့​ ၂၀ ရာခိုင်နှုန်း​ ​လောက်ပဲ အကူအညီ ရရှိ​သေး​တယ်လို့​လည်း​ ​ပြောပါတယ်။ ​ထောက်ပံ့​မှု​တွေထဲမှာ ​ကျောင်း​သား​တွေအတွက် သွား​လာစရိတ်၊​ စာ​ရေး​ကိရိယာ၊​ ​နေလယ်စာနဲ့​ နွား​နို့​တို့​ ပါဝင်သလို ဆရာမ​တွေ အတွက် ​ထောက်ပံ့​ကြေး​တွေလည်း​ ပါဝင်ပါတယ်။ SWAN အဖွဲ့​တာဝန်ခံ နန်း​ဆိုင်မွန်း​က “က​လေး​မိဘ​တွေက လိ​မ္မော်ခြံ၊​ သရက်ခြံမှာ အလုပ်လုပ်​တော့​ သူတို့​နေတဲ့​ ​နေရာက​နေ ​ကျောင်း​အထိ လာဖို့​ဆိုရင် တချို့​နေရာ​တွေ ၁၅ ကီလိုမီတာ၊​ တချို့​ ​လေး​ငါး​ကီလိုမီတာ​လောက် အထိက လမ်း​လျှောက်လာဖို့​ မဖြစ်နိုင်ဘူး​လေ။ က​လေး​တွေက ငယ်​သေး​တယ်။ မိဘ​တွေကလည်း​ သူတို့​ စား​ဝတ်​နေ​ရေး​အတွက် အခက်အခဲ ဖြစ်​တော့​ က​လေး​တွေကို မကူညီနိုင်ဘူး​။ ထိုင်း​အစိုး​ရ​ကျောင်း​မှာ ဝင်မလား​ဆို​တော့​လည်း​ ထိုင်း​နိုင်ငံသား​ မဟုတ်​တော့​ အ​ထောက်အပံ့​လည်း​ နည်း​တယ်”လို့​ ​ပြောပါတယ်။ လက်ရှိအချိန်မှာ အကူအညီ​ပေး​ရေး​ အဖွဲ့​အစည်း​အများ​စုဟာ မြန်မာပြည် သွား​ဖို့​ပဲ စိတ်ဝင်စား​နေကြပြီး​ မြန်မာပြည်အထဲမှာ ကူညီသလို အပြင်မှာလည်း​ ဆက်ပြီး​ ကူညီဖို့​ လိုအပ်​နေ​သေး​တယ်လို့​လည်း​ နန်း​ဆိုင်မွန်း​က ​ပြောပါတယ်။ နိုင်ငံတကာနဲ့​ တဦး​ချင်း​ အလှူရှင်​တွေရဲ့​ အကူအညီနဲ့​ မြန်မာ-ထိုင်း​ နယ်စပ်နဲ့​ ရှမ်း​ပြည်နယ် အတွင်း​မှာ SWAN အဖွဲ့​က စာသင်​ကျောင်း​ ၁၅ ​ကျောင်း​နဲ့​ မိဘမဲ့​ ​စောင့်​ရှောက်​ရေး​ ​ဂေဟာ ၄ ခု ဖွင့်​လှစ် ထား​ခဲ့​ပါတယ်။ က​လေး​တ​ယောက်အတွက် တနှစ်တာ ​ကျောင်း​စရိတ်ဟာ ​ဒေါ်လာ ၁၀၀ ခန့်​ (ကျပ် ၈ ​သောင်း​) ​လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ရှမ်း​ပြည်နယ် အတွင်း​မှာ ဖြစ်ပွား​နေတဲ့​စစ်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​လာတဲ့​ ရှမ်း​လူမျိုး​တွေဟာ ထိုင်း​နိုင်ငံအတွင်း​မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတာ မခံရသလို ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ လူသား​ခြင်း​စာနာမှုဆိုင်ရာ အ​ထောက်အပံ့​တွေ ရရှိဖို့​လည်း​ အခက်အခဲ​တွေ ရှိ​နေပါတယ်။ အလား​တူ မြန်မာ-ထိုင်း​နယ်စပ်မှာ ရှိတဲ့​ ကရင်စာသင်​ကျောင်း​တွေမှာလည်း​ ခုနှစ်အတွင်း​ အလှူ​ငွေအနည်း​ငယ် ​လျော့​သွား​ခဲ့​ပေမယ့်​ ရန်ပုံ​ငွေ အခက်အခဲမရှိတဲ့​အ​ကြောင်း​ ​နောက်နှစ် အတွက်​တော့​ ရန်ပုံ​ငွေ ရရှိ​ရေး​က မ​သေချာဘူး​လို့​ ကရင်ဒုက္ခသည်​တွေကို ပညာ​ရေး​ အကူအညီ ​ပေး​နေတဲ့​ Karen Teacher Working Group က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024