Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေသူ ၁၀၀ ကျော် နေရပ်ပြန်
DVB
·
October 8, 2017
  ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့ရဲ့ အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ဒေသခံတိုင်းရင်းသားတွေအနက် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာ၊ အုန်းပတီးကျေးရွာ၊ စပါးဆိပ်(သရီ)ကျေးရွာ၊ အလယ်ကျွန်းကျေးရွာတွေမှာ ခေတ္တနေထိုင်တဲ့သူတွေ မနေ့က မိမိမူလနေရပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ကြပါတယ်။ သူတို့တွေဟာ ဘူးသီးတောင်မြို့နယ်၊အောင်ဗလကျေးရွာ၊ ကံသာယာ၊ အုတ်တောင် နဲ့ ပြည်ရှည်ကျေးရွာတွေက ဒေသခံ စုစုပေါင်း ၁၂၇ ဦး နေရပ်ကိုပြန်သွားတာလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ပြန်သွားတဲ့ဒေသခံပြည်သူတွေကို  ခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးကပ်လမ်းကြောင်း လုံခြုံရေးလိုက်ပါသလို  တပ်မတော်မော်တော်ယာဉ် ၆ စီးနဲ့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024