Home
လူမှုရေး
အလုပ်လက်မဲ့ လှေဒေါက်အလုပ်သမားများကိစ္စ တိုင်းဒေသကြီးအစိုးရထံ တင်ပြပေးမည်
DVB
·
October 8, 2017
မြိတ်ခရိုင်အတွင်းမှ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လှေဒေါက်အလုပ်သမားတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက အောက်တိုဘာ ၇ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးအစိုးရထံ တင်ပြပေးသွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က လှေဒေါက်တွေမှာ တရားမ၀င်သစ်တွေရှိနေကြောင်း တိုင်တန်းချက်အရ သစ်တောဦးစီးဌာနမှ ၀င်ရောက်ဖမ်းဆီးရာ သစ်တန်ချိန် ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ရပြီး ဖမ်းမိတဲ့ သစ်တွေမှာ လှေဒေါက်မှပိုင်ဆိုင်တဲ့သစ်တွေ မဟုတ်ဘဲ လက်သမားဆရာတွေမှ ဝယ်ယူစုဆောင်း ထားတဲ့သစ်တွေဖြစ်ကာ တဖွဲ့ကိုတန်ချိန် အနည်းငယ်စီပိုင်ဆိုင်တဲ့ သစ်တွေပါ။ သစ်တွေနဲ့အတူ လက်သမားအများအပြားဖမ်းဆီးခံခဲ့ရပြီး အလုပ်သမား ၂ ထောင်လောက်မှာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်တွေကြောင့် လက်ဒေါက်အလုပ်သမားတွေကို မြိတ်ခရိုင်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်တွေ့ဆုံခဲ့ကာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက "ပြီးခဲ့တဲ့အပတ်က အလုပ်သမား တွေဆီက တရားမ၀င်သစ်တွေ ဖမ်းမိတယ်ဆိုပြီး သစ်တွေသိမ်းလိုက်တာပါ။ အဲဒီမှာ အလုပ်သမားတွေအခက်အခဲဖြစ်သွား တယ်လုပ်ငန်းတွေနားလိုက်ရတယ် မြိတ်ခရိုင် အတွင်းမှာက လှေဒေါက် ၄ ခုရှိတယ်။ အလုပ်သမားစုစုပေါင်းက ၂၀၀၀ လောက်ရှိတယ်။ အခုလတ်တလောအခြေအနေမှာတော့ အလုပ်မရှိတော့ အခက်အခဲဖြစ်နေကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့ လာရောက်ဆွေးနွေးပြီး အသံတွေနားထောင်ပါတယ်။ ဒါတွေကိုမှတ်ထားပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြဆွေးနွေး ပေးသွားမှာပါ"လို့ ပြောပါတယ်။ သစ်တွေကို တရားဝင်စုဆောင်းခွင့်လည်း မပေးသလို လှေဒေါက်တွေမှာ လှေတွေကို ပြုပြင် ဖာထေးဖို့ ၀ယ်ယူထားတဲ့သစ်တွေကိုလည်း ဖမ်းဆီးသွားအတွက် အလုပ်သမားတွေမှာ အခုအခါအလုပ်လက်မဲ့ဖြစ်နေကြကြောင်း သိရပါတယ်။ ဧရာနဒီမြေပေါ် လွန်းကျင်းသစ်တာဝန်ခံဦးမြင့်စန်းက "လက်ရှိဆေးသုတ်နေတဲ့အဖွဲ့ပဲ အလုပ်နည်းနည်း ရှိပါတယ်။ သစ်ကိုအသုံးပြုနေရတဲ့ လှေတွေမှာတော့ အလုပ်သမား ၅၀၀ လောက်အလုပ်လက်မဲ့ဖြစ်သွားပြီ လှေထေးတာတွေ၊ ဆေးသုတ်တဲ့ အဖွဲ့တွေကလည်း ၂၀၀ လောက်ရှိတယ်။ အရမ်းကို နစ်နာရပါတယ်။ အခက်အခဲတွေကို အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ သိချင်ပါတယ်"လို့ ပြောပါတယ်။ ဧရာနဒီမြေပေါ်လွန်းကျင်းတွင်သစ်တန်ချိန် ၇၀၀ကျော်နှစ်စဉ်အသုံးပြုနေရပြီးလှေအစီးရေ ၄၀၀ လောက်ကို ပုံမှန်ပြုပြင်ပေးနေရတယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024