ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံသည့်အနေဖြင့် ပုံတူပန်းချီရေးပွဲ ရန်ကုန်တွင် ပြုလုပ်
DVB
·
October 8, 2017
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝန်းရံတဲ့ ပန်းချီလှုပ်ရှားမှုအနေနဲ့  ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီရေးပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးက မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို) မှာ အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်သွားပါတယ်။
ပန်းချီဆရာ ၅၀ ကျော် လာရောက်ပါဝင်ရေးဆွဲကြပြီး ရေးဆွဲပြီး ပန်းချီကားတွေကို ပန်းချီဆရာ အချင်းချင်းအမှတ်တရ ပြန်လည်လဲလှယ်တာအပြင်၊ လာရောက်ကြည့်ရှု သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေကို ပန်းချီဆရာတွေက လက်ဆောင်ပေးခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဉာဏ်စိုး