Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်ခြေတွင် မူးယစ်ဆေးပြားများ ဖမ်းမိ
DVB
·
October 8, 2017
  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်တောင်ခြေ၊ ကင်မွန်းစခန်းရှိ ဂေါပကရုံးရှေ့မှာ ဆိုင်ကယ်တစီးအား ရပ်တပ်စစ်ဆေးရာမှ  အမျိုးသား နှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကျော်နဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ကင်မွန်းချောင်နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်သူရက "သူတို့က ဆေးပြားတွေကို မြဝတီဘက်က သယ်လာတာပါ။ ဘားအံမှာပြန်ရောင်းမလို့ပါ။ ကျိုက်ထီးရိုးမှာ ဘုရားလာဖူးရင်း ဒီဘက်ကို နယ်ချဲ့ချင်တဲ့ပုံစံမျိုးနဲ့ သယ်လာတာပါ။ နှစ်ယောက်စလုံးကိုတော့ အမှုဖွင့်ထားပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ပြောပါတယ်။ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ဂေါပကရုံးအရှေ့မှာ အောက်တိုဘာလ ၇ ရက်နေ့၊ မနက် ၁ နာရီခွဲအချိန်က နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ မင်းကိုထွန်းနဲ့  သက်ပိုင်ဦးတို့ရဲ့  ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှာ WY စာတမ်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ပိုင်ဦးနဲ့ မင်းကိုထွန်းတို့ နှစ်ဦးကို ကင်မွန်းချောင်နယ်မြေရဲစခန်းက မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ သတင်း=ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024