Home
မြန်မာသတင်း
ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍအကြောင်း စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
DVB
·
October 7, 2017
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍအကြောင်း စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့က Yangon Book Plaza မှာ ဒီကနေ့ နေ့လယ် ကျင်းပနေပါတယ် စကားဝိုင်းဆွေးနွေးပွဲကို Info Digest Journal က ဦးဆောင်ပြုလုပ်ပေးတာဖြစ်ပြီး ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ။ ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းက အကြီးတန်းသုတေသနအရာရှိ မငြိမ်းသီရိဆွေနဲ့ Info Digest Journal က အယ်ဒီတာ ဦးဟန်ဇော်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်ထဲမှာ မေးခွန်းနဲ့အဆိုတွေကို လွတ်လွတ်လပ်လပ်တင်ပြခွင့် မရသေးဘဲ ထိန်းချုပ်ခံနေရသေးတယ်လို့ ပြောပါတယ်။ ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းက အကြီးတန်းသုတေသနအရာရှိ မငြိမ်းသီရိဆွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာ ရှေ့နောက်မညီမျှတာတွေကို ထောက်ပြ ဆွေးနွေးသွားပြီး စီးပွားရေးကဏ္ဍနဲ့ပတ်သက်လို့ ဘယ်လွှတ်တော်ကမှ ဆွေးနွေးထိတို့ကြတာ မရှိသေးဘူးလို့ ဆွေးနွေးသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024