Home
မြန်မာသတင်း
နွားကောင်ရေ ၂၂ ကောင်ဘေးမဲ့လှူဒါန်းပွဲ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တက်ရောက်
DVB
·
October 7, 2017
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ အောက်တိုဘာ ၆ ရက်နေ့က သူ့ရဲ့ ၆၆ နှစ်မြောက်မွေးနေ့မှာ နွားကောင်ရေ ၂၂ ကောင် ဘေးမဲ့လှူဒါန်းခြင်း ရေစက်ချအခမ်းနားပွဲကို အလှူရှင်တွေရဲ့ဖိတ်ကြားချက်အရ ရေစက်ချပွဲကို လာရောက်ခဲ့ပါတယ်။ အဲဒီပွဲကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အင်ကြင်းပင်ကျေးရွာမှာရှိတဲ့ သာသနာ့အာဇာနည် ဝေဘူဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့တဲ့ အင်ကြင်းပင် ကမ္မဌာန်းကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အလှူရှင်တွေဟာ ဝန်ကြီးချုပ်ရွေးကောက်ပွဲဝင်ပြိုင်စဉ် မဲဆန္ဒနယ်မြေထဲကဖြစ်ပြီး တောင်သူဘဝ နွားတွေနဲ့ လုပ်ကိုင်စားသောက်လာတာဟာ နှစ်ပေါင်း ၅၀ လောက် ရှိနေပြီဖြစ်တဲ့အတွက် အခုလို စွန့်လွှတ်ဖို့ စိတ်ဆုံးဖြတ်ခဲ့လို့လည်း ဆိုပါတယ်။ အခုရေစက်ချပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့အတူ လွှတ်တော်ကိုယ်စားလှယ်များ ဌာနတိုင်ရာက ဝန်ထမ်းတွေလည်း လာရောက်ခဲ့ပါတယ်။ အခုလိုလှူဒါန်းမှုမှာ နွားကောင်ရေ ၂၂ ကောင်အတွက် ကာလတန်ဖိုး သိန်း ၁၂၀ ကျော်တန်ဖိုးရှိတယ်လို့ အလှူရှင်မိသားစုက ပြောပါတယ်။ မင်းအောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024