Sexy မော်ဒယ်နှင့် ငါးကြင်းကြီးများ ပြက္ခဒိန် ဘယ်လိုရိုက်ကူးသလဲ (ရုပ်သံ)

အလန်းစား ဓာတ်ပုံတပုံ ဖန်တီးမှုနောက်ကွယ်မှာ တကယ့်အံ့သြစရာ အမှန်တရားတွေ ရှိနေတတ်ပါတယ်။ ခါပိုနိုက်ဇာ (Carponizer) အမည်ရတဲ့ ပြက္ခဒိန်ဟာ ထူးခြားတဲ့ အပြင်အဆင်နဲ့ Sexy မော်ဒယ် မိန်းကလေးတွေနဲ့ ငါးကြီးတွေကို ယှဉ်တွဲရိုက်ကူးပြီး နှစ်စဉ်ထုတ်ဝေနေတာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လာမယ့် ၂၀၁၈ ခုနှစ် ပြက္ခဒိန်အတွက် မော်ဒယ်မိန်းကလေးတွေရဲ့ Sexy ကျကျ အလှအပတွေနဲ့ ငါးကြင်းကြီးတွေကို ဘယ်လိုစီစဉ် ရိုက်ကူးနေတယ်ဆိုတာ တွေ့ကြရမှာပါ။ ဒီပြက္ခဒိန်အတွင်းပုံတွေကို ပုံဖော်ရိုက်ကူးခဲ့သူကတော့ အမေဇုန် အွန်လိုင်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်မှ အကောင်းဆုံး ရောင်းတန်းစာရင်းဝင် အသက် ၂၉ နှစ်အရွယ် နာမည်ကြီး ဓာတ်ပုံဆရာ ဟင်းဒရစ်ခ် ပိုလာ ဖြစ်ပါတယ်။ ခါပိုနိုက်ဇာ ပြက္ခဒိန်ကို ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး ထုတ်ဝေချိန်ကတည်းက ခုလိုပုံစံမျိုးနဲ့ တမူထူးခြားစွာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ငါးဖမ်းအားကစားနည်းကို ဝါသနာပါသူတွေအတွက် ရည်ရွယ်ထုတ်ဝေတဲ့ ဒီပြက္ခဒိန်ဟာ ဂျာမနီနိုင်ငံမှာတော့ အကျော်ကြားဆုံး ပြက္ခဒိန်ထဲမှာ ပါဝင်ပြီး ကမ္ဘာအနှံ့ စိတ်ဝင်စားမှုရတဲ့ ပြက္ခဒိန်လည်း ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up