ရုရှားတွင် ဘတ်စ်ကားကို ရထားက ၀င်တိုက်၊ ၁၉ ဦး သေဆုံး

ရုရှားနိုင်ငံ မြို့တော် မော်စကိုအနီးမှာ အောက်တိုဘာ ၆ ရက်နေ့က ရထားလမ်းကို ဖြတ်ကူးရင်း ပျက်သွားတဲ့ ဘတ်စ်ကားကို ရထားက ၀င်တိုက်တာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဘတ်စ်ကားဟာ ဥဘတ်ကစ္စတန်နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်လာတာဖြစ်ပြီး ရထားလမ်းပေါ်မှာ ပျက်သွားခဲ့တယ်လို့ ရုရှားသတင်းဌာနက ကြေညာခဲ့ပါတယ်။ ခရီးသည်တွေဟာ ဘတ်စ်ကားကို တွန်းနေချိန်မှာပဲ ရထားဟာ တဖြည်းဖြည်း နီးကပ်လာပြီး တိုက်သွားခဲ့တာလို့ ရထားလမ်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ အဲဒီဘတ်စ်ကားဟာ ဥဘတ်ကစ္စတန်က  ပြောင်းရွှေ့လုပ်သားတွေကို တင်ဆောင်လာပေမယ့် ဘတ်စ်ကား လိုင်စင်နံပါတ်ပြားဟာ ကာဇက်စတန်ကဖြစ်တယ်လို့ ရုရှားသတင်းအေဂျင်စီတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up