Home
မြန်မာသတင်း
စစ်ကိုင်း အင်းဝတံတားဟောင်းအနီး အသတ်ခံထားရသည့် အလောင်း ၁ လောင်းတွေ့
DVB
·
October 6, 2017
စစ်ကိုင်းမြို့ အင်းဝတံတားဟောင်းအနီးမှာ အောက်တိုဘာ ၆ ရက်နေ့ မနက်က အသတ်ခံထားရတဲ့ လူသေအလောင်း ၁ လောင်းကို တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်း မြို့မရဲစခန်းက သိရပါတယ်။ အသတ်ခံထားရသူဟာ ငါန်းစွန်မြို့နယ်ဘက်က လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ၂၈ နှစ်အရွယ်ရှိ သဲကျင်းအလုပ်သမားတဦး ဖြစ်သူ ကိုအောင်မိုးဆန်း ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်း မြို့မရဲစခန်း တာဝန်ရှိသူ တဦးက “မနက်က စခန်းကို အကြောင်းကြားလာလို့ သွားစစ်ပါတယ်။ ဒဏ်ရာအများပြားနဲ့ သေဆုံးနေတယ်။ တရားခံကတော့ စစ်ဆေး ဖော်ထုတ်နေဆဲပါ။ ဘာနဲ့ သတ်တယ် ဆိုတာတော့ သက်သေခံပစ္စည်း မတွေ့ရှိရသေးတော့ မပြောနိုင်သေးပါဘူး။ ပြတ်ရှဒဏ်ရာတွေပါပဲ” လို့ ပြောပါတယ်။ တွေ့ရှိရတဲ့ အလောင်းမှာ ဘယ်နှုတ်ခမ်းဘက် ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်ပါး ပြတ်ရှဒဏ်ရာ၊ မေးစေ့ပြတ်ရှဒဏ်ရာ တချို့နဲ့ ရင်အုံဘက်မှာ ညိုမည်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။ အဆိုပါတွေ့ရှိရတဲ့ အလောင်းနဲ့ ပတ်သတ်ပြီး စစ်ကိုင်း မြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024