အန်ဂိုလာတောတွင်းမှ ရှားပါးမျိုးနွယ်စုဝင် အမျိုးသမီးများ၏ ထူးခြားဆန်းကြယ် ဆံပင်ပုံစံများ (ဓာတ်ပုံ)

အန်ဂိုလာနိုင်ငံ တောနက်ထဲမှ ပျောက်ဆုံးနေခဲ့တဲ့ ရှားပါးမျိုးနွယ်စုဝင် အမျိုးသမီးတွေကို ခက်ခက်ခဲခဲ ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပုံတွေကို လန်ဒန်အခြေစိုက် ဓာတ်ပုံဆရာ တာရစ်ခ် ဇိုင်ဒီက တောတွင်း စွန့်စား ခရီးသွားရောက်ခဲ့ချိန်မှာ ရိုက်ကူးခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ အောက်တိုဘာ ၅ ရက်နေ့က ဖော်ပြပါတယ်။ သူတို့ရဲ့ပုံတွေထဲမှာ ထူးခြားနေတာကတော့ ဦးခေါင်းပေါ်မှာ အုပ်ဆောင်းထားကြတဲ့ ဆံပင်ပုံစံဆန်းတွေပဲ ဖြစ်ပါတယ်။ သူဟာ အဲဒီလူမျိုးစုအမျိုးသမီးတွေ နေထိုင်ရာ တောနက် ကျေးလက်ဒေသတွေအထိ ရောက်အောင်သွားခဲ့ပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကာ ရိုးရာဓလေ့ထုံးတမ်းတွေကို လေ့လာခဲ့တယ်လို့ ပြောပါတယ်။ မျိုးနွယ်စုဝင် အမျိုးသမီးတွေရဲ့ ဦးခေါင်းပေါ်က ဆံပင်ပုံစံဟာ သူတို့ကို ကိုယ်စားပြု ဖော်ပြနေတာဖြစ်ပြီး ကောက်ရိုးတွေ၊ တိရစ္ဆာန်အကောင်ဗလောင်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပြုလုပ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ အန်ဂိုလာနိုင်ငံမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၉၀ ထက်မနည်း ရှိနေပြီး ကွဲပြားတဲ့ ဘာသာစကား၊ ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီပုံတွေထဲမှာတော့ ဟင္မ္ဘာ၊ မြီလ၊ မျူကူရိုကာနဲ့ မျူကူးရစ် မျိုးနွယ်စုဝင် အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Tariq Zaidi/ZUMA Press  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up