ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းသို့ ရောက်ရှိ
DVB
·
October 6, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မွန်းလွဲပိုင်းက ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အထူးလေယာဉ်နဲ့ ရောက်ရှိခဲ့ကြပါတယ်။
ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ရှေ့နေချုပ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တော်ဝင်ဘရူနိုင်း ရဲတပ်ဖွဲ့အကြီးအကဲ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နဲ့ သံရုံးဝန်ထမ်းမိသားစုတွေ ကြိုဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ - MOFA