Homeမြန်မာသတင်း
လူကုန်ကူးမှုတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိများ အစည်းအဝေး မြန်မာက အိမ်ရှင်အဖြစ် ကျင်းပမည်
လူကုန်ကူးမှုတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိများ အစည်းအဝေး မြန်မာက အိမ်ရှင်အဖြစ် ကျင်းပမည်
DVB
·
October 6, 2017
မြန်မာ အပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ ခြောက်နိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အခုလအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဒီအစည်းအဝေးဟာ ၁၂ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရရဲ့ ၂၀၁၇ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ TIER -2 (Watch List) စောင့်ကြည့်အဆင့်မှာ မဲခေါင်ဒေသတွင်းက လာအိုနဲ့ ထိုင်းနိုင်ငံတို့နဲ့ အတူ သတ်မှတ်ခံထားရပါတယ်။
မြန်မာနိုင်ငံရှိ လူကုန်ကူးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်ပြည်ကို ဦးတည်ဖြစ်ပွားနေတာ ဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးတွေဟာ လူကုန်ကူးခံရတာ အများဆုံး ဖြစ်ပါတယ်။