ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ရိုဟင်ဂျာများ လိုက်ပါလာသည့် စက်လှေအစီး ၂၀ ကို ဖျက်ဆီး
DVB
·
October 6, 2017
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါစီးနင်းလာတဲ့ စက်လှေအစီး ၂၀ ကို ဖျက်ဆီးပစ်လိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို အသုံးချပြီး စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတယ်လို့ စွပ်စွဲပြီး ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေ စက်လှေတွေနဲ့ ရောက်လာတဲ့အခါမှာ ဘင်္ဂလားနယ်ခြားစောင့်တပ်တွေက လှေတွေကို ဖျက်ဆီးဖို့ တံငါသည်တွေကို အမိန့်ပေးခဲ့တယ်လို့ တံငါသည်တယောက်က ပြောပါတယ်။
ဒါ့အပြင် စက်လှေသမားတွေနဲ့ ဒုက္ခသည်တွေကို ဖမ်းဆီး ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဒုဗိုလ်မှူးကြီး တယောက်ကတော့ ရိုက်နှက်တယ်ဆိုတာကို ငြင်းဆိုပြီး လူကုန်ကူးမှုနဲ့ စိတ်ကြွဆေးပြားတွေ သယ်ဆောင်တာကြောင့်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံထဲက ၂၀၁၁ ကနေ ၂၀၁၆ အတွင်းမှာ မူးယစ်ဆေးပြား အရေအတွက် ၂၉ ဒသမ ၄ သန်းအထိ တိုးတက် ဝင်ရောက်ခဲ့ပြီး အခုလို ဝင်ရောက်ရတာဟာ ဒုက္ခသည်တွေကို မူးယစ်ဂိုဏ်းတွေက အသုံးချတာကြောင့် ဖြစ်တယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။