ဘရာဇီးတွင် လုံခြုံရေးအစောင့်က နေ့ကလေးထိန်းကျောင်းကို မီးရှို့၊ ၅ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ဘရာဇီးနိုင်ငံမှာ အောက်တိုဘာ ၅ ရက်နေ့က အလုပ်ဖြုတ်ခံရတဲ့ လုံခြုံရေး အစောင့်တဦးက နေ့ကလေးထိန်းကျောင်းကို မီးရှို့ခဲ့တာကြောင့် လမ်းလျှောက်တတ်စ ကလေး ၄ ဦးနဲ့ ဆရာ ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီမီးရှို့မှုဟာ မီနက်စ်ဂျီရိုင်းစ်ပြည်နယ် ဂျနာဘာမြို့မှာ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအစောင့်ဟာ ၄ နှစ်အရွယ် ကလေးတွေကို ဓာတ်ဆီလောင်းပြီးနောက် သူ့ကိုယ်သူလည်း မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ဒေသခံတဦးက "နေ့ကလေးထိန်းကျောင်း မီးလောင်နေတယ်ဆိုပြီး အိမ်နီးချင်းတဦးက  လှမ်းအော်တာနဲ့ ပြေးလာကူညီတာ။ ကလေး ၁၅ ဦးလောက် ကယ်လိုက်ပါတယ်" လို့ ပြောပါတယ်။ နောက်ဒေသခံတဦးကလည်း "ကျောင်းထဲမှာ လူတွေ သိပ်မတွေ့ဘဲ အပြင်မှာ ကလေးတွေ အများကြီး အခြေအနေမကောင်းတာ မြင်တော့ အိမ်က ကားကိုထုတ်၊ လူတွေ ရသလောက်တင်ပြီး ဆေးရုံကို ပို့လိုက်တယ်" လို့ ပြောခဲ့ပါတယ်။ အဲဒီမီးရှို့မှုကြောင့် လူ ၁၅ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ဒါ့အပြင် လက်တုံ့ပြန်တဲ့ လုံခြုံရေးအစောင့် မီးလောင်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီးလည်း သတင်းအမျိုးမျိုး ထွက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up