ကမ္ဘာ့ဖလားခြေစစ်ပွဲ အင်္ဂလန် ၁-၀ ဆလိုဗေးနီးယား (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရဲ့ အုပ်စု (H) ပွဲစဉ်မှာ အင်္ဂလန်က ဆလိုဗေးနီးယားကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားပါတယ်။ အင်္ဂလန်အတွက် အနိုင်ဂိုးကို နာကျင်အချိန်ပို ၉၄ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ကိန်းက အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ သွားပါတယ်။ အင်္ဂလန်အသင်းကပဲ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ကိန်းအတွက်တော့ အင်္ဂလန်အသင်းအတွက်တော့ ၂၂ ပွဲမှာ ၁၁ ဂိုးမြောက် သွင်းယူနိုင်တာပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ကိန်းကပဲ ရရှိသွားပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စု (H) မှာ ကစားပြီးတဲ့ ၉ ပွဲမှာ ၂၃ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်သွားတာပါ။ လက်ကျန်ပွဲ ၁ ပွဲ ကျန်ပေမယ့်လည်း အင်္ဂလန်က ဒုတိယနေရာက စကော့တလန်ကို ၅ မှတ်ဖြတ်ပြီး ခြေစစ်ပွဲ အောင်မြင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up