မြန်မာအသင်းက ထိုင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်






2.9K
မြန်မာနဲ့ထိုင်း လက်ရွေးစင်အသင်းတို့ရဲ့ ခြေစမ်းပွဲကို အောက်တိုဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ထိုင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ထိုင်းအသင်းဟာ ပထမပိုင်းကတည်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်ကစားခဲ့ပြီး ပွဲချိန် ၁၂ မိနစ်နဲ့ ၃၆ မိနစ်တွေမှာ မွန်ကောလ်နဲ့ တီယာဆေးလ်ဒန်ဒါတို့က သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းပွဲချိန် ၅၀ မိနစ်မှာ မြန်မာအသင်းက တိုက်စစ်မှူး အောင်သူရဲ့ အနီးကပ်ကန်သွင်းချက်နဲ့ ချေပဂိုး ၁ ဂိုးရခဲ့ပါတယ်။
ဒုတိယပိုင်းပွဲကစားချိန်မှာတော့ မြန်မာအသင်း အချိတ်အဆက်မိမိနဲ့ ကစားလာနိုင်ခဲ့ပြီး လူစားလဲမှုတွေလည်း မှန်ကန်ခဲ့ပါတယ်။
ပွဲချိန် ၇၂ မိနစ်မှာ ထိုင်းအသင်းက ပင်နယ်တီကနေ တတိယဂိုး ထပ်ရပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ မြန်မာအသင်းချေပဂိုးရဖို့ ဖိအားပေးကစားပေမယ့် ပွဲပြီးခါနီးမှာ တိုက်စစ်မှူးအောင်သူ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
ဒီပွဲမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ထိုင်းအသင်းက ဂိုးရမယ့် အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာတော့ မန္တလေးပရိသတ် ၁ သောင်း ၅ ကျော် လာရောက် အာေးပးသွားပါတယ်။ မြန်မာအသင်းဟာ အာရှခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဆက်ပြီးယှဉ်ရမှာဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - လွှမ်းမိုးအောင်