အိုင်အက်စ် သိမ်းပိုက်ထားသည့်မြို့ကို အီရတ်အစိုးရတပ် ပြန်လည်သိမ်းပိုက်

အီရတ်အစိုးရတပ်ဖွဲ့က အိုင်အက်စ်အကြမ်းဖက်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဟာဝီဂျာမြို့နဲ့ အနီးအနား ဧရိယာကို အောက်တိုဘာ ၅ ရက်က ပြန်လည်သိမ်းပိုက်လိုက်ပါတယ်။ မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပေမယ့် မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်က နေရာတချို့မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ အီရတ်စစ်တပ်က ပြောကြားပါတယ်။ အီရတ်ရဲတပ်ဖွဲ့က ရိုက်ကူးထုတ်လွှင့်တဲ့ ဗွီဒီယိုဖိုင်မှာတော့ အောက်တိုဘာ ၄ ရက်က ဟာဝီဂျာမြို့ရဲ့ အနောက်မြောက်ဘက် လာဇာကာကျေးရွာအနီးကနေ ဝင်လာတဲ့ အီရတ်စစ်သားတွေကို ရွာသားတွေက ဝမ်းသာအားရ ကြိုဆိုနေပုံကို တွေ့ရပါတယ်။ ဟာဝီဂျာမြို့ဟာ  အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ အီရတ်နိုင်ငံမြောက်ပိုင်းက နောက်ဆုံး ခြေကုပ်စခန်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အီရတ်နိုင်ငံ နယ်မြေထဲက အိုင်အက်စ် အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားတဲ့ ဧရိယာကတော့ ဆီးရီးယားနဲ့ အီရတ်နယ်စပ်က နယ်ပယ်အနည်းငယ်သာ ကျန်တော့တာ ဖြစ်ပါတယ်။ ဟာဝီဂျာမြို့ဟာ အီရတ်ကနေ ခွဲထွက်ဖို့ပြင်နေတဲ့ ကာကတ်မြို့ရဲ့အနီးမှာ တည်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up