Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင် ရွှေစင်္ကြာ မှန်လုံယာဉ်တစီး တိမ်းမှောက်
DVB
·
October 5, 2017
ကရင်ပြည်နယ်၊ ဘားအံမြို့ ချစ်သူမြိုင် ပန်းခြံအလွန် ဇွဲကပင်တောင်ခြေအနီးမှာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၅ နာရီအချိန်က ရန်ကုန်-မြဝတီအထူးကား ရွှေစင်္ကြာ မှန်လုံယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒုနယ်မြေရဲစခန်းက ပြောပါတယ်။ မှန်လုံယာဉ်ဟာ ချစ်သူမြိုင်ပန်းခြံ အလွန်တွင် မြေနိမ့်ပိုင်း မြေသားများကြောင့် မတော်တဆ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ပေးဆပ်သူ သွေးလှူပရဟိတအဖွဲ့က ကူညီကယ်ဆယ်ပေးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒုနယ်မြေရဲစခန်းမှ စခန်းမှူးရဲထွဋ်မင်းက “ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ထားပါတယ်။ ဆေးရုံမှာ ဓာတ်မှန်ရိုက်နေပါတယ်။ အမှုတော့ ဖွင့်မှာပါ။ ခုလောလောဆယ် အမှုပိုင်းဆိုင်ရာတော့ ပြောလို့မရသေးဘူး”လို့ ပြောပါတယ်။ ရွှေစင်္ကြာမှန်လုံယာဉ်မှာ ခရီးသည် အယောက် ၂၀ လောက် လိုက်ပါလာပြီး ဒဏ်ရာရရှိသူ ၂ ဦးကို သက်ဆိုင်ရာ ဆေးရုံမှာ စစ်ဆေးကုသနေတယ်လို့ စခန်းမှူးရဲထွဋ်မင်းက ပြောပါတယ်။ အလားတူ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာပင် ရန်ကုန်-နေပြည်တော် အမြန်းလမ်း၊ မိုင်တိုင် ၁၆/၁-၀ မှာ ရန်ကုန်မှ နေပြည်တော်ကို မေားင်နှင်လာတဲ့ ခရီးသည် ၂၅ ဦးပါ ကျိုက်ထီးရိုး ဘုရားဖူးယာဉ်တစီး တိမ်းမှောက်ခဲ့ပါသေးတယ်။ သတင်း - အာကာမင်း၊ ဓာတ်ပုံ - Nay Lin Aung
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024