Homeမြန်မာသတင်း
လာ့စ်ဗီးဂတ်စ်မြို့ပစ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များ ဝမ်းနည်းကြောင်း သဝဏ်ပေးပို့
လာ့စ်ဗီးဂတ်စ်မြို့ပစ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များ ဝမ်းနည်းကြောင်း သဝဏ်ပေးပို့
DVB
·
October 5, 2017
အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂိတ်မြို့မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်ခဲ့မှုကြောင့် လူအများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့လိုက်ပါတယ်။
မြန်မာသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်ခ်စ် တီလာဆန်တို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
လာ့စ်ဗီးဂတ်စ်မြို့မှာ အောက်တိုဘာ ၁ရက်နေ့က ဂီတဖျော်ဖြေပွဲကျင်းပနေစဉ် သေနတ်သမားတဦးက လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာမှာလူပေါင်း ၅၉ ဦး သေဆုံးပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-AFP