ကျိုက်ထီးရိုး ဘုရားဖူးယာဉ်တစီး တိမ်းမှောက်
DVB
·
October 5, 2017
ရန်ကုန်မှ နေပြည်တော်ကို မောင်းနှင်လာတဲ့ မီနီဘတ်(စ်) ကျိုက်ထီးရိုး ဘုရားဖူးယာဉ်တစ်စီးဟာ ဒီနေ့မနက် ၉ နာရီလောက်က ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင် ၁၆/၁-၀ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
ဘုရားဖူးယာဉ်ဟာ အရှိန်လွန်ကာ လမ်းဘေးက အလူမီနီယမ်တန်းတွေကို တိုက်မိ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၁၁ မိုင် အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်တစီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်ပေါ်ပါ ၂၇ ဦး အနက် ကျား ၂ ဦး (ဒဏ်ရာပြင်းထန်) နဲ့ မ ၅ ဦး (မစိုးရိမ်ရ) တို့အား လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန် ၂၀ ဦး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - Myanmar Fire Services Department