ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ စတင်လှည့်လည်
နေဖြိုးဝင်း
·
October 5, 2017
၉၉ ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို အောက်တိုဘာ ၄ ရက်ညက ဘုရားကားအလှပြယာဉ်တွေ၊ ဖျော်ဖြေရေးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်ခဲ့ပါတယ်။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို အောက်တိုဘာ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ သုံးရက်တိုင် ကျင်းပရာမှာ ရပ်ကွက်အလိုက် ဘုရားကားအလှပြယာဉ်တွေ၊ ဖျော်ဖြေရေးကားတွေ အလှည့်ကျ လှည့်လည်တာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဖျော်ဖြေရေးယာဉ်တွေမှာ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ရင်ဂို၊ စည်သူလွင်၊ သာဒီးလူ၊ ဗျုဟာ၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ပိုပို စတဲ့ အဆိုတော်တွေက မိုးလင်းပေါက် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။